အဓိကအကြောင်းအရာသို့ သွားမည်

အသိပညာမျှဝေပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်    ဩဂုတ်   ၇

အခွန်အယူခံခုံအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ အသိပညာမျှဝေပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီတွင် ရုံးအမှတ်(၅၇)၊ အခွန်အယူခံခုံအဖွဲ့ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဦးစွာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်တင်လင်း က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများနှင့်ပတ်သက်၍ PowerPoint ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

aa

အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း

bb

cc

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခြင်း

dd

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခြင်း

ee

ff

News
Published Date
08-08-2025